ကွန်ရက်ချိတ်ဆက် ဆောင်ရွက်ခြင်း

ပေါင်းကူးနှင့် ၎င်း၏ ဝန်ထမ်းများသည် ရပ်ရွာအဆင့်၊ ပြည်နယ်အဆင့်၊ တိုင်းဒေသကြီးအဆင့်မှသည် နိုင်ငံတကာအဆင့်တိုင်အောင် လူပုဂ္ဂိုလ်အသီးသီး၊ အဖွဲ့အစည်းအသီးသီး၊ ကွန်ရက်အသီးသီးနှင့် နှစ်ပေါင်းများစွာ အတူတကွ လက်တွဲဆောင်ရွက်ကာ ယုံကြည်မှုမြဲမြံသော၊ လေးစားမှုရှိသော ခိုင်မာသည့် ဆက်ဆံရေးတစ်ရပ်ကို တည်ဆောက်ခဲ့ကြပါသည်။

ထိုခိုင်မြဲသော ဆက်ဆံရေးသည် အပြုသဘောဆောင်သော အပြောင်းအလဲတစ်ရပ် ဖော်ဆောင်ရာတွင် အထောက်အကူဖြစ်စေနိုင်မည့် မတူညီသော ဇာတ်ဆောင်အသီးသီးကို အတူတကွ ပူးပေါင်းဆောင်ရွက်နိုင်စေရန် အကူအညီပြုပါသည်။

ပေါင်းကူးသည် မိတ်ဖက်များအား ဒေသအသီးသီးရှိ လူအများအချင်းချင်း အပြန်အလှန် သင်ယူနိုင်စေရန် အကူအညီပေးလျက် ရှိပါသည်။ထို့ပြင် ပေါင်းကူးသည် အရပ်ဖက်အဖွဲ့အစည်းများအား လူ့အခွင့်အရေး သို့မဟုတ် မူဝါဒရေးရာနှင့် ဆက်လျဉ်းသော အရေးကိစ္စများအား အတူတကွပူးပေါင်းဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေမည့် ကွန်ရက်များ ဖြစ်ပေါ်လာစေရန် ပံ့ပိုးပေးလျက်ရှိပါသည်။

ပေါင်းကူးသည် မိတ်ဖက်များအား ၎င်းတို့နှင့် သင့်တော်သော ပြည်တွင်းပြည်ပ တက္ကသိုလ်များနှင့် ချိတ်ဆက်ပေးခြင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးသည့်အပြင် သက်ဆိုင်ရာ ပညာရှင်များရှိသော မူဝါဒရေးရာ အင်စတီကူျးရှင်းများနှင့်လည်း ချိတ်ဆက်ပေးနေပါသည်။

ပေါင်းကူးသည် Center for Peace ၊ Conflict Studies in Cambodia ၊ Spirit in Education Movement in Thailand နှင့် မော်လမြိုင်တက္ကသိုလ် စသည့် အဖွဲ့အစည်းများနှင့် အတူပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။