သတင်းအချက်အလက်များ

ပြန်ပြည့်မြဲစွမ်းအင် (လေစွမ်းအင်)

ပြန်ပြည့်မြဲစွမ်းအင် (လေစွမ်းအင်) ဩဂုတ် 30, 2019

လေစွမ်းအင်သည် လေတိုက်နှုန်းအသုံးချကာ လျှပ်စစ်စွမ်းအင်ကို ထုတ်လုပ်သော စနစ်ဖြစ်ပါသည်။ လေစွမ်းအင်စနစ်တွင် အသုံးပြုသော တာဘိုင်များသည် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ဒိုင်နမိုများနှင့် ဆက်သွယ်ထားပါသည်။ လေတိုက်သည့်အခါ တာဘိုင်များလည်ပြီး လျှပ်စစ်စွမ်းအင်ကို ထုတ်လွှတ်ပေးသည်။

အသေးစား လေစွမ်းအင်စနစ်ကြောင့် သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်နိုင်ခြေမှာ အနည်းငယ်မျှသာ ဖြစ်သည်။ လေစွမ်းအင်စနစ်၏ အားနည်းချက်တစ်ခုမှာ တာဘိုင်များ၏ အနီးတွင် နေထိုင်ပါက ၎င်း၏ ဆူညံသံကို ခံစားရခြင်း ဖြစ်သည်။

နိုင်ငံများစွာတွင် လေစွမ်းအင်စနစ်၏ ကုန်ကျစရိတ်မှာ တစ်နာရီအတွင်း လျှပ်စစ်ဓာတ်အား ၁ ကီလိုဝပ် ထုတ်လုပ်ရန် ပျမ်းမျှအားဖြင့် ၆၀ ကျပ်ဝန်းကျင်သာရှိကြောင်း သိရှိရပါသည်။ သို့သော် ယင်းစရိတ်သည် ၎င်းအား တပ်ဆင်စရိတ်၊ မွန်းမံစရိတ်များ မပါဝင်ပါ။

ငွေကုန်ကြေးကျမှုနည်းပါးသော လေစွမ်းအင်စနစ်ကို အသုံးပြု၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်ရန် မြန်မာနိုင်ငံ အရှေ့တောင်ဒေသတစ်ဝိုက်တွင် စူးစမ်းလေ့လာမှုများ ပြုလုပ်နေကြောင်း သိရှိရပါသည်။