အရင်းအမြစ်များ ရယူသုံးစွဲခြင်း

မိတ်ဖက်များအား ပံ့ပိုးမှုတွင် ငွေကြေးအထောက်အပံ့နှင့် နည်းပညာ အရင်းအမြစ် ပေးအပ်မှုတို့ ပါဝင်သည်။ ငွေကြေးအထောက်အပံ့တွင် မိတ်ဖက်များအနေဖြင့် ၎င်းတို့၏ လူမှုအသိုက်အဝန်းအတွင်း ဖြစ်ပွားနေသော မတူကွဲပြားမှု၊ ခွဲခြားနှိမ်ချဆက်ဆံမှုနှင့် မညီမျှမှုဆိုင်ရာ ကိစ္စရပ်များအား တုံ့ပြန်ဖြေရှင်းနိုင်ရေးအတွက် အထောက်အပံ့ဖြစ်စေမည့် တစ်နှစ်စာ အသေးစား ငွေးကြေးပံ့ပိုးမှုများ ပေးအပ်လျက်ရှိပါသည်။

ပေါင်းကူးဝန်ထမ်းများသည် မိတ်ဖက်များ ၎င်းတို့၏ စီမံချက်နှင့် ရံပုံငွေ အဆိုပြုလွှာ အပေါ် ပြန်လည်သုံးသပ်နိုင်စေရန် “အပြန်အလှန်သုံးသပ်ခြင်းနှင့် အရေးယူဆောင်ရွက်ခြင်း ပုံစံ” ကို အသုံးပြုကြပါသည်။

ပေါင်းကူးသည် မိတ်ဖက်များ လိုအပ်ပါလျှင် ပညာရှင်များနှင့် တွေ့ဆုံနိုင်ရန်အတွက်လည်း အကူအညီပေးလျက်ရှိသည်။ တစ်ခါတစ်ရံတွင် အဖွဲ့အစည်း တစ်ခုနှင့် တစ်ခုအကြား ချိတ်ဆက်၍ အပြန်အလှန်သင်ယူခြင်း အစီအစဉ်များ ပါဝင်ပါသည်။ တစ်ခါတစ်ရံတွင် နိုင်ငံတကာသို့ သွားရောက်လည်ပတ်လေ့လာခြင်း၊ သင်တန်းတက်ရောက်နိုင်ရန် အခွင့်အလမ်းဖန်တီးပေးခြင်း သို့မဟုတ် လုပ်ငန်းဆွေးနွေးပွဲပြုလုပ်ပေးခြင်းတို့ ပါဝင်ပါသည်။

ထို့ပြင် ပေါင်းကူးသည် နည်းပညာဆိုင်ရာ၊ ဥပဒေဆိုင်ရာ သို့မဟုတ် လူမှုဘဝ အကြောင်းအရာများကို မြန်မာဘာသာဖြင့် စာအုပ်စာတမ်းများ ထုတ်ဝေဖြန့်ချိလျက်ရှိပါသည်။ (ဥပမာ – မြေယာဥပဒေ)

Paung Ku Grant Proposal English Version. (Word file)
Paung Ku Grant Proposal Burmese Version. (Word file)