တိုက်ရိုက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်း

ပေါင်းကူးအနေဖြင့် တိုက်ရိုက်အကောင်အထည်ဖော်ဆောင်ရွက်ခြင်းလုပ်ငန်းများ ဆက်လက်၍ ပြုလုပ်နိုင်စေရန် မဟာဗျူဟာမြောက် ဆုံးဖြတ်ချက်ချမှတ်ခြင်း လုပ်ငန်းစဉ်များကို အချိန်ယူ ဆောင်ရွက်သွားပါမည်။ ဥပမာ – ၂၀၁၅ ခုနှစ်တွင် ပေါင်းကူးသည် သဘာဝပတ်ဝန်းကျင်အရေးဖြစ်သော သံလွင်မြစ် ရေကာတာ ဆောက်လုပ်ရေးကိစ္စနှင့်ဆက်လျဉ်း၍ အဆိုပြုခဲ့မှုအပေါ် လုပ်ငန်းဆွေးနွေးပွဲ တစ်ရပ် ပြုလုပ်နိုင်စေရန် ပံ့ပိုးပေးခဲ့ပါသည်။

ထိုလုပ်ငန်းဆွေးနွေးပွဲကို မော်လမြိုင်တက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး တရုတ်၊ ထိုင်းနှင့် မြန်မာ ပညာရှင်များအား ခေါ်ယူဆွေးနွေးနိုင်ခဲ့သည့်အပြင် အရပ်ဖက်အဖွဲ့အစည်းများနှင့် အစိုးရကိုယ်စားလှယ်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။