သတင်းအချက်အလက်များ

ထိုင်း NGOs များမှာ အစိုးရ၏ လက်ကိုင်တုတ်များလော

ယခုဖော်ပြထားသော အတွေးအမြင် ဆောင်းပါးကို ပရာ့ချာထိုင်း သတင်းစာက ထုတ်ေဝသော စာအုပ်အသစ် “A Molten Land: The Mandatory Transition” “အရည်ကျိုခံရသောတိုင်းပြည်- ဧကံကြုံရမည့်နိုင်ငံရေးအကူးအပြောင်း” ဟူသော စာအုပ်ပါ အခန်းတစ်ခန်းမှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

ထိုင်း NGOs များမှာ အစိုးရ၏ လက်ကိုင်တုတ်များလော ဇူလိုင် 13, 2018

အစိုးရ၏ လက်ကိုင်တုတ်များ၊ နိုင်ငံရေး အခွင့်အရေးသမားများ၊ ဒီမိုကရေစီ၏ ရန်သူများ..အစရှိသည့်စာလုံးများအားလုံးသည် ထိုင်းနိုင်ငံရှိ NGO များအကြောင်းကို ပြောကြသောအခါ ရည်ညွှန်းရမည့် နားမခံသာသော ကြမ်းတမ်းသည့် စကားလုံးများဖြစ်ကြသည်။

သို့ရာတွင် ချင်းမိုင်တက္ကသိုလ် လူမှုရေးသိပ္ပံဌာနမှ စာရေးသူအဖို့မှာ ထိုစာကားလုံးများသည် လောလောဆယ် ဖြစ်ပေါ်နေသည့် ထိုင်းနိုင်ငံရေးသမိုင်းတွင် ပါဝင်ပတ်သက်နေကြသော NGO များစွာ၏ အခန်းကဏ္ဍကို အမှန်တကယ်ပင်ရည်ညွှန်းနေသည်ဟုသာ ယူဆသည်။

ယခုဖော်ပြထားသော အတွေးအမြင် ဆောင်းပါးကို ပရာ့ချာထိုင်း သတင်းစာက ထုတေ်ဝသော စာအုပ်အသစ် “A Molten Land: The Mandatory Transition” “အရည်ကိုျခံရသော တိုင်းပြည်- ဧကံကြုံရမည့်နိုင်ငံရေးအကူးအပြောင်း” ဟူသော စာအုပ်ပါ အခန်းတစ်ခန်းမှ ကောက်နှုတ်ထားခြင်းဖြစ်ပါသည်။

ထိုင်းနိုင်ငံရှိ NGO များကို ဝေဖန်ထောက်ပြကြသော အရေးအသားများအနက် အပြင်းထန်ဆုံး ဖြစ်သော စာများတွင် ပါဝင်နေသည်ဟု ဆိုကောင်းဆိုနိုင်ပါသည်။ မည်သို့ပင် ဖြစ်စေ အောက်ဖော်ပြပါ အချက်များကို ထိုင်း NGO များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများက မဖြစ်မနေ ဖတ်ကြရပါလိမ့်မည်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းအုပ်ခုျပ်ပုံအခြေခံဥပဒေသစ်သည် စစ်အစိုးရကို သမိုင်းတွင် မရှိခဲ့ဘူးသော ကြီးကျယ်သည့် လုပ်ပိုင်ခွင့်အာဏာကိုပေးထားသည်။ ပြည်သူတို့၏ အခွင့်အရေးကိုကား လျှော့ချပစ်သည်။ ဤအခြေအနေမိုျးတွင် ထိုင်းအရပ်ဘက်လူ့အဖွဲ့အစည်းများက ထိုမတရားမှုကို တော်လှန်ခြင်းအား မည်သည့်အတွက်ကြောင့် မတွေ့မမြင်ကြရသနည်း။NGO များသည် အစိုးရဗြူရိုကရေစီယန္တရား၏ ဆန့်ထုတ်ထားသောလက်တံများဖြစ်လာကြပြီလော။

အချိန်ယူစောင့်ကြည့်လေ့လာချက်များအရ ထိုင်း NGOများသည် အစိုးရ၏ဗြူရိုကရေစီ စနစ်ကြီးထဲတွင် ဝင်ရောက် လည်ပတ်နေကြသော ဗြူရိုကရေစီ၏ တိုးခဲျ့အစိတ်အပိုင်းများအဖြစ် တွေ့မြင်လာရသည်။

NGOပေါင်းများစွာသည် အစိုးရ၏ အစိတ်အပိုင်းများဟု ဆိုနိုင်သည်အထိ အစိုးရနှင့် NGOတို့ တပူးတွဲတွဲဖြစ်လာကြသည်။ တချိန်တည်းတွင် NGOများသည် မိမိတို့၏ တက်ကြွလှုပ်ရှားသူ ဟူသော အခန်းကဏ္ဍကို မေ့ထားလိုက်ကြသည်။

လွန်ခဲ့သည့်ဆယ်နှစ်တာ ကာလကို ကြည့်ပါ။ ပြည်သူတို့၏ ပါဝါကို မြှင့်တင်ပေးရာတွင်လည်းကောင်း အစိုးရနှင့် ကော်ပိုရေးရှင်းကြီးများ၏ အင်အားမျှခြေကို စောင့်ကြည့်ထိန်းညှိပေးသည့်နေရာတွင်လည်းကောင်း NGO တို့၏ ထိထိရောက်ရောက် ဆောင်ရွက်နိုင်မှုဟု၍ ထင်ထင်ရှားရှားမရှိပါ။

ထိုင်း အရပ်ဘက်လူ့အဖွဲ့အစည်းသည် ထိုင်းပြည်သူတို့၏ အသံများကို ကိုယ်စားပြုနေပါသေး၏လော။ အစိုးရအား ရံပုံငွေ ရရှိနိုင်ရာ ဌာနတစ်ခုအဖြစ် NGOများက အားကိုးအားထားပြုနေရခြင်းက NGOများ၏ ရပ်တည်ချက်ကို ယိမ်းယိုင်စေပါသည်။ ရံပုံငွေ လုံလုံလောက်လောက်မရှိခြင်းသံသရာတွင်လည်နေကြပြီး မိမိခြေထောက်ပေါ်တွင် မိမိရပ်တည်နိုင်ခြင်းလည်းမရှိသည့်အလျောက် ရေရှည် မိမိတို့ ဦးတည် အကောင်အထည်ဖော်လိုသောအရာများကို မိမိတို့ဘာသာ မရွေးချယ်နိုင်တော့ခြင်း၊ ပြည်သူတို့တကယ်လိုအပ်နေသောအရာများကို မဖြည့်ဆည်းပေးနိုင်တော့ခြင်းများ ဖြစ်လာရသည်။

ထို့ပြင် အစိုးရထံမှ ရံပုံငွေကို မကြာမကြာလက်ခံရခြင်းကြောင့်လည်း မကင်းရာ မကင်းကြောင်းဖြစ်လာကာ အစိုးရကို မေဝဖန်နိုင်တော့ဘဲ မိမိတို့ ပါးစပ်ကို မိမိတို့ ပိတ်ထားလိုက်ရသည့် အခြေအနေမိုျး ကြုံလာကြရသည်။ ထိုသို့ ဈေးလျှော့ပေးရခြင်းက NGOများ၏ မူလ ရပ်တည်ချက် ရည်မှန်းချက်တို့ကိုလည်း ယိမ်းယိုင်စေရာ နောက် ဆုံးတွင် NGOများ၏ အခြေမှာ ရံပုံငွေရရှိရေးနှင့် မိမိတို့ အဖွဲ့အစည်း ဆက်လက် အသက်ရှင်နေနိုင်ရေး ထက် မပိုတော့ပေ။

NGOများသည် ရံပုံငွေရရှိနိုင်ရန် အတွက် မည်သူ့ကိုမဆို ချဉ်းကပ်တတ်ပြီး စစ်အစိုးရထံမှ ငွေကိုပင် ဖြစ်စေ လက်ခံတတ်ကြောင်း သိလျှင် ကျွန်မတို့အနေဖြင့် မအံ့သြသင့်ပေ။ထိုင်းNGO များသည် အစိုးရတို့က ပြည်သူထောက်ခံမှုရအောင် မဟားတရား ဆောင်ရွက်သော ကိစ္စများအား ပြင်းပြင်းထန်ထန် ကန့်ကွက်လေ့ရှိသူများ ဖြစ်ခဲ့ကြသော်လည်း ယခုစစ်အစိုးရတက်လာပြီးနောက် ကျေးလက်ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်သော အစီအစဉ်များတွင် ဝင်ရောက်ဆောင်ရွက်ပေးရန် အရပ်ဘက်လူ့အဖွဲ့အစည်းများနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များ ကို စတင်ဖိတ်ခေါ်သည်နှင့် တပြိုက်နက် NGOများဘက်က အစိုးရနှင့်ပူးပေါင်းဆောင်ရွက်ရန် ထက်သန်လာခဲ့ကြသည်။ NGO များသည် ရလာသည့်အခွင့်အရေးကို လက်လွတ်မခံခဲ့ပေ။

ထိုလုပ်ရပ်များကိုနောက်ကြောင်းပြန် ကြည့်သောအခါ NGO များသည် စစ်အစိုးရက ဖန်တီးခဲ့သော နိုင်ငံတော်ပြုပြင်ပြောင်းလဲရေး ကောင်စီ သို့မဟုတ် နိုင်ငံတော် ပြုပြင်ပြောင်းလဲရေး အမှုဆောင်ကော်မတီအစရှိသည့် အုပ်ခုျပ်ရေးကော်မတီများတွင် စိတ်လိုလက်ရ ရာထူးဝင်ယူခဲ့ခြင်းဖြစ်သည်ကိုတွေ့ရလျှင် မအံ့သြသင့်ပေ။

ထိုအခြေသို့ဆိုက်အောင် မူလကပင်ပိုျးထားခဲ့သော အကြောင်းအရာများရှိနေသည်ဖြစ်ရာ နောက်ဆုံးတွင် ထိုင်းအရပ်ဘက်လူ့အဖွဲ့အစည်းမှာ အရှက်နတ္ထိဖြစ်လျှက် စစ်အစိုးရ၏ လကေ်ဝခံဘဝသို့ရောက်ကြရတော့သည်။မိမိအဖွဲ့အစည်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် ဘာမဆို လုပ်သည်ဟူသော အချက်က ထိုင်း NGOများ၏ စရိုက်ဖြစ်လာခဲ့သည်။

ထိုအချက်ကြောင့်ပင် NGOများသည် ထိုင်းနိုင်ငံရေးတွင် မူလရထားသောနေရာမှ ရွေ့လာခဲ့သည်။ ထိုင်းနိုင်ငံရေးကို NGOများက သုံးသပ်ပုံမှာလည်းပြောင်းလဲလာတော့သည်။

အာဏာလက်ကိုင်ရှိသူများနှင့် သူတို့ကြားက ဆက်ဆံရေးကို သူတို့လက်ခံယူဆပုံလည်းပြောင်းလာသည်။ ထိုအကြောင်းရင်းများကြောင့်ပင် NGOများသည် ထိုင်းနိုင်ငံရေးတွင် နေရာပျောက်လာကာ စစ်အစိုးရ၏ ဗြူရိုကရေစီယန္ထရားကို ပံ့ပိုးပေးသူ အနေဖြင့်သာရှိတော့သည်။

မိမိ၏ အဖွဲ့အစည်းဆက်လက်ရပ်တည်နိုင်ရေးကို ဦးစားပေးလိုက်သောအခါ အစိုးရဗြူရိုကရေစီ၏ လကေ်ဝခံဖြစ်လာလျှက် ထိုင်းနိုင်ငံ၏ အနာဂတ်အတွက်ကိုသော်လည်းကောင်း၊ ဒီမိုကရေစီစနစ်၏ အားကောင်းသန်စွမ်းမှုကိုသော်လည်းကောင်း မစဉ်းစား ပေးနိုင်တော့ပေ။

ယခင်ကမက်ခဲ့သော ဒီမိုကရက်တစ်ထိုင်းနိုင်ငံ၏အနာဂတ်ဆိုသောအိပ်မက်များသည်ကား NGO တို့၏ လုပ်ငန်းများမဟုတ်တော့သကဲ့သို့ပင်။လက်ယာဘက်ယိမ်းလာသော NGOများရွေးကောက်ပွဲများကို စိတ်ပျက်လာသောအခါ NGOများအနေဖြင့် ဒီမိုကရေစီနှင့် ဝေးဝေးနေရန် ဆုံးဖြတ်လိုက်ကြသည်။

မိမိ အဖွဲ့အစည်း ဆက်လက်ရပ်တည်နိုင်ရေးအတွက် မည်သူက အာဏာရ အစိုးရ ဖြစ်လာဖြစ်လာ လက်ရှိ အစိုးရနှင့် တည့်အောင် ပေါင်းကာ အလုပ်လုပ်ကြရမည်ဟု သဘောထားလိုက်ကြသည်။ ပြည်သူ့အဖွဲ့အစည်းများအဖြစ် အစိုးရ၏ အာဏာကို စောင့်ကြည့်ထိန်းညှိပေးရန်၊ ပြည်သူတို့၏ ပါဝါကို မြှင့်တင်ပေးရန် အစရှိသည့် ထားခဲ့ဖူးသော ရည်မှန်းချက်များကို အတိတ်တွင်ပင် ထားခဲ့လိုက်သည်။

ယခင်ကမူ ထိုပန်းတိုင်များသည် NGOကိုစုစည်းပေးသော ပန်းတိုင်များဖြစ်ခဲ့ကြသည်။ ယခုမူ မိမိ တို့ကိုယ်ကို မိမိတို့ စောင့်ရှောက်ရေးနှင့် မိမိတို့၏ ပါဝါမယုတ်လျော့ရေးတို့အတွက် ပူပန်မှုများက ပန်းတိုင်ဖြစ်လာကြသည်။ ဤအဖြစ်အပျက်များမှာ ထိုင်း အရပ်ဘက်လူ့အဖွဲ့အစည်းများ၏ လက်ရှိအခြေအနေပင်ဖြစ်သည်။NGOများအနေဖြင့် လက်ယာဘက်ကို ယိုင်လာသည် ဆိုရာ၌လည်း နှိုင်းရချက်များပေါ်တွင်မူတည်ကာ ယိမ်းယိုင်ခြင်း ဖြစ်လာသည်။

NGO များအနေဖြင့် မည်သည့် အစိုးရက ၎င်းတို့အပေါ် အများဆုံး ကျေးဇူးပြုနိုင်မည်နည်းဆိုသောအချက်ကို ချိန်ဆလာကြသည်။ အကယ်၍ ဒီမိုကရက်စီစနစ်က NGO များထက်စာလျှင် နိုင်ငံရေးသမားများကိုသာ ပို၍ကျေးဇူးပြုလျှင် NGO တို့သည် နိုင်ငံရေးသမားကို ပြိုင်ဘက်ဟု မှတ်ယူလာကာ စစ်အစိုးရကိုမူ လက်တွဲဆောင်ရွက်ရမည့်မိတ်ဆွေဟု မှတ်ယူ လာကြသည်။

သို့သော် NGOများသည် စစ်အစိုးရက ၎င်းတို့မျှော်လင့်ထားသည်များကို မပံ့ပိုးပေးနိုင်ဟု အထင်ရောက်လျှင် ထိုစစ်အစိုးရအပေါ်တွင်လည်း သစ္စာရှိမည်မဟုတ်ပေ။သို့သော် နိုင်ငံ့ကောင်းကိုျးအတွက် နိုင်ငံရေးမှာ မည်သို့မည်ပုံဖြစ်သည့်သည်ဟု NGO များထံတွင် ရပ်တည်ချက် အခိုင်အမာမရှိလျှင် NGO များရှိနေခြင်းမှာ ဘာအဓိပ္ပါယ်မျှ ရှိမည်မဟုတ်ပေ။

လွန်ခဲ့သော ဆယ်နှစ်အတွင်း၌ ထိုကဲ့သို့ ခိုင်မာသော ရပ်တည်ချက်များ အရည်ပျော်လာခဲ့သည်။ ထို့ကြောင့်ပင်လျှင် စစ်အုပ်ခုျပ်ရေးတွင်လည်းကောင်း ထိုင်းနိုင်ငံရေး၏ အတွင်းသားတွင် လည်းကောင်း အရပ်ဘက်လူ့အဖွဲ့အစည်း၏ ကဏ္ဍမှာ နေရာပျောက်လာခဲ့သည်။

လူ့အဖွဲ့အစည်း၏အရေးပေါ်ပြဿနာများအာဏာရှင်ဆန်ဆန် ရေးဆွဲခဲ့သော ထိုင်းဖွဲ့စည်းအုပ်ခုျပ်ပုံအခြေခံဥပဒေမှာ အပြောင်းအလဲတစုံတရာပြုလုပ်ရန် များစွာခက်ခဲအောင် ဒီဇိုင်းဖွဲ့ထားသည်။ အပြောင်းအလဲလုံးဝမလုပ်နိုင်လောက်အောင် တင်းကြပ်ထားခြင်းဟု မဆိုနိုင်သည့် တိုင်အောင် များစွာ ခက်ခဲအောင်စီမံထားသည်က အမှန်ပင်ဖြစ်သည်။

ရရှိလာသော အကိုျးရလဒ် မှာ ဥပဒေများကို ပြင်ဆင်ခြင်း၊ အစိုးရ ကက်ဘိနက် ဆုံးဖြတ်ချက်များကို သုံးသပ်ပြင်ဆင်ခြင်း သို့မဟုတ် အရပ်ဘက်လူ့အဖွဲ့အစည်း၏ ဈေးဆစ်ညှိနှိုင်းနိုင်သော အင်အားဖြင့် ပြုပြင်ပြောင်းလဲခြင်းတို့ကို ဆောင်ရွက်ရန် စဉ်းစားစရာပင် မလိုတော့ချေ။ ယခု အုပ်ခုျပ်နေသော ၊ ပြည်သူတို့က ရွေးကောက်တင်မြှောက်ထားခြင်းမရှိဘဲ အာဏာယူထားသော စစ်အစိုးရသည် ဥပဒေများကို ထင်သလို ရေးဆွဲနိုင်ကြမည်သာဖြစ်သည်။လာမည့် ဆယ်နှစ်အတွင်းပြည်သူများ၏ မြေယာပိုင်ဆိုင်ခွင့် သည် အရေးပေါ်ဖြေရှင်းရမည့် ကိစ္စတစ်ခုဖြစ်လာမည်။

ဤပြဿနာမှာ ထိုင်းနိုင်ငံတစ်ခုတည်းတွင်ကြုံကြရမည့် ပြဿနာမဟုတ်ပေ။ ပြောချင်သည်မှာ ကာလရှည်စာခုျပ်များဖြင့် မြေများကို ကော်ပိုရေးရှင်းကြီးများထံ လက်ကားရောင်းချနေသော ကိစ္စဖြစ်သည်။ မြေကို မူလပိုင်သော ဒေသခံပြည်သူများကမူ သူတို့မြေအား ကော်ပိုရေးရှင်းကြီးများက ဘာလုပ်မည်ကို နည်းနည်းမျှ မရိပ်မိနိုင်ကြပါ။ မှန်ပါသည်။ ကျွန်မပြောနေသည်မှာ တစ်နိုင်ငံလုံးမှ မြေများကို အထူးစီးပွားရေးဇုံများ အဖြစ် ခုတ်ထစ်ပိုင်း၍ ရောင်းချထားသောကြောင့် ထိုင်းပိုင်နက်နယ်မြေ အမြောက်အများကို ကော်ပိုရေးရှင်းကြီးများက သိမ်းပိုက်နေခြင်းကိုပြောနေခြင်းဖြစ်ပါသည်။

ပြည်သူတို့၏ မြေယာပိုင်ဆိုင်ခွင့်ကို အလေးမထားခြင်းက နောင်တွင် မကျေမနပ်အုံကြွမှုမီးများအတွက် မီးစာသာဖြစ်သည်။ သို့ရာတွင် NGO များသည် ထိုမြေယာကိစ္စများကို ကိုင်တွယ်ရန် ပြည်သူလူထုကို စုစည်းနိုင်လောက်အောင် သြဇာရှိသော အနေအထားတွင် မရှိခြင်းက ပြဿနာဖြစ်နေသလို ယခုကာလတွင် ပြည်သူတို့ကို စုစည်းခြင်းမှာလည်း စစ်အုပ်ခုျပ်ရေးအောက်တွင် များစွာခက်ခဲလှသည်။

NGO များအနေဖြင့် ထိုင်း၏ အိမ်နီးချင်းနိုင်ငံများတွင် ဖြစ်ပျက်နေခဲ့သော မြေယာပြဿနာများကို သတိပင် ထားမိပါ၏လောဟူ၍ မေးမြန်းရန်လည်း လိုအပ်နေသည်။ ထိုပြဿနာများသည် အိမ်နီးချင်းတို့ထံတွင်သာမဟုတ်ဘဲ ထိုင်းပြည်နယ် များစွာတွင် ဖြစ်ပျက်နေသည်ကို ၎င်းတို့သဘောပေါက်ကြပါ၏လော။

သဘောပေါက်သည်ဆိုပါလျှင် ထိုကိစ္စများ ပြည်သူတို့ ရှေ့မှောက်သို့ရောက်လာအောင် ဆွဲထုတ်ပြလာနိုင်သည့် သြဇာနှင့် လုပ်ဆောင်နိုင်စွမ်းရှိပါ၏လော။ရှပ်နီ၊ရှပ်ဝါအစရှိသည့် ကာလာ လှုပ်ရှုားမှု များ အရှိန်မသေသည့်သည့်အချိန်တွင် ထိုင်းလူ့အဖွဲ့အစည်း၌ တရားမျှတသော ဥပဒေများကို မျက်ကွယ်ပြုပြီး အာဏာရှင်ဆန်သော ဖွဲ့စည်းအုပ်ခုျပ်ပုံအခြေခံဥပဒေက နေရာယူလာတော့မည်။

ထိုအခြေအနေတွင် စစ်အစိုးရ၏ အာဏာရှင်ဆန်ဆန် စည်းမျဉ်းစည်းကမ်းများကို စိတ်ကုန်လှပြီဖြစ်သော ပြည်သူများအတွက် မည်သူက စည်းရုံး လှုပ်ရှားပေးမည်နည်း။ ကျွန်မအမြင်တွင်မူ အဖြေသည် NGO ခေတ်အလွန် ထိုင်းလူ့အဖွဲ့အစည်းပေါ်တွင် များစွာမူတည်သည်။ တွေးရဲခေါ်ရဲသော၊ ယုတ်လျော့လာသော ဒီမိုကရေစီအပေါ်တွင် မေးခွန်းထုတ်ရဲသော ထိုင်းလူငယ်မိုျးဆက်သစ်များအစုအဖွဲ့များမှာလည်း များစွာ အရေးကြီးလှသည်။စာရေးသူ – ပါမောက္ခ ပင်ကောင့်ဝ် လုံဂရမ်ဆရီ

ရည်ညွှန်း – http://prachatai.org/english/node/7304

Photo Credit – https://prachatai.com