သတင်းအချက်အလက်များ

အကြမ်းဖက်ခြင်းက ဆန့်ကျင်ဘက် ရလဒ်များ ထွက်ပေါ်စေသည် (Violence is counterproductive)

အကြမ်းဖက်ခြင်းက ဆန့်ကျင်ဘက် ရလဒ်များ ထွက်ပေါ်စေသည် (Violence is counterproductive) ဩဂုတ် 24, 2018

ရည်မှန်းချက် တစ်စုံတစ်ရာသို့ ရောက်ရှိရန် အကြမ်းဖက်မှုကို အသုံးပြုကြသော်လည်း အောက်ပါဆန့်ကျင်ဘက် အကျိုးရဒ်များ ဖြစ်ပေါ် နစ်နာရသည်ဟု ပညာရှင်တို့က ထောက်ပြကြသည်။

  • အကြမ်းဖက်ရန်လိုမှုများဖြင့် လွှမ်းမိုးနေသေအခါ အခြေအနေမှန်ကို သိရှိရန် ချင့်ချင့်ချိန်ချိန် တွေးဆရန် ခက်ခဲသွားသည်။ (Lacking Clear Thinking)
  • နစ်နာဆုံးရှုံးသူများသည် အမုန်းခံပြင်းမှုနှင့် လက်စားချေရန် ဦးတည်လာနိုင်ကြသည်။ ထို့အတွက် မိမိတို့အာင်ပွဲရလျှင် ငြိမ်းချမ်းမည်ဟူသော အယူအဆများ ဖြစ်နိုင်ခြေ မရှိတော့ပေ။ (Getting out of hand
  • အကြမ်းဖက်ရန်လိုမှုသည် မိမိအုပ်စုကို စုစည်းစေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း စုစည်းညီညွတ်မှုများ ဖြစ်လာသည်။ ထို့အတွက် အောင်နိုင်မှုဖြင့် အခြားတစ်ဖက်ကို ဖရိုဖရဲပြိုကွဲစေမည်ဟူသော မျှော်လင့်ချက်မှာ ဖြစ်မြောက်ရန် မလွယ်ကူချေ။ (Strengthening Resolve)
  • ရန်လိုအကြမ်းဖက် မူဝါဒများအတွက် ပဋိပက္ခတွင် ပါဝင်ခြင်းမရှိသည့် အခြားအုပ်စုများကလည်း ဆန့်ကျင်ထိုးနှက်လာနိုင်သည်။ မိမိအုပ်စုဝင်များကည်း ဆန့်ကျင်ရပ်တည်လာနိုင်သည်။ (Black lash)
  • ရန်လိုအကြမ်းဖက်ရန်အတွက် အကောင်းဆုံးအကြောင်းပြချက်မှာ မိမိတို့ ရန်ပြုခံနေရသည်ဟု ပြောနိုင်သည့် ဥပမာများရှိရန် ဖြစ်သည်။ ထိုသို့သော ဥပမာများ မရှိပါကလည်း ဖန်တီးယူနိုင်သည်။ ထိုသို့ဖြင့် လူ့အဖွဲ့အစည်းအတွင်း ထိန်းသိမ်းရန် ခက်ခဲသော အကြမ်းဖက်ယဉ်ကျေးမှုဆိသို့ ရွေ့လျားကစဉ့်ကလျားဖြစ်ခြင်း ကြုံရသည်။ (Violence prone culture)
  • ရန်လိုအကြမ်းဖက်မှုများတွင် အခြားတစ်ဖက်ကို လှည့်စားရန်သော်လည်းကောင်း၊ မိမိအဖွဲ့ဝင်များကို စိတ်ဓာတ်မြှင့်တင်ရန်သော်လည်းကောင်း မုသားများကို အသုံးပြုရသည်။ သို့ရာတွင် အမှန်တရား ပေါ်ထွက်လာ၍ အလိမ်အညာများအဖြစ် သိက္ခာကျရသော အခြေအနေမျိုး ဖြစ်ပေါ်နိုင်ခြေ အမြဲရှိသည်။ (Lies)
  • ရန်ပြုတိုက်ခိုက်ခံရသူဖြစ်ပါက စာနာမှုနှင့် အထောက်အကူများ ရရှိနိုင်သော်လည်း ကျူးလွန်တိုက်ခိုက်သူ ဖြစ်ပါက နာမည်ကောင်းနှင့် ကျင့်ဝတ်သီလဆိုင်ရာ အသာစီးရမှုကို ဆုံးရှုံးရသည်။ အကြမ်းဖက်မှုကို အကြမ်းဖက်မှုဖြင့်ပင် တုံ့ပြန်ပါကလည်း အလားတူဖြစ်ရပ် ကြုံနိုင်ရသည့် အနေအထား ရှိသည်။ (Losing moral high ground)
  • ပြဿနာတစ်ရပ် ဖြေရှင်းရန် နည်းလမ်းမျိုးစုံရှိနိုင်သော်လည်း အကြမ်းဖက်မှုဖြင့် ဦးဆောင်ဖြေရှင်းလိုက်သောအခါ အခြားနည်းလမ်းများဖြင့် ဖြေရှင်းနိုင်ခြေများ ရပ်ဆိုင်းသွားရသည်။ (Interfering with other approaches)
  • ရန်လိုအကြမ်းဖက်မှုကြောင့် မရည်ရွယ်သည့် အကျိုးဆက်များ ဖြစ်ပေါ်ရသည်။ ဥပမာ – မိမိတို့၏ အမျိုးသမီးနှင့် ကလေးများ ထိခိုက်ခံစားရခြင်း၊ စီးပွားရေး ကျဆင်းလာသောကြောင့် အခြားနေရာများသို့ ကျေးကျွန်သဖွယ် ရွှေ့ပြောင်းလုပ်ကိုင်ရခြင်းများ ကြုံရသည်။ (Unintended consequences)
  • အာဏာရှင်တစ်ယောက် သေဆုံးသွားလျှင် ခေတ်တစ်ခု ကုန်ဆုံးသွားသော်လည်း အာဇာနည်တစ်ယောက် ပေါ်ထွန်းလျှင် ခေတ်တစ်ခေတ် အစပြုသည်ဟု ဆိုရိုးရှိသည်။ ရန်သူကို တိုက်ခိုက်သုတ်သင်နိုင်လျှင်ပင် ထိုသူများ အာဇာနည် ဖြစ်သွားပါက နှစ်ဖက်ရန်လိုမှုများ အဆုံးမသတ်တော့ချေ။ (Martyrdom)

မြန်မာပြည် လူ့အသိုင်းအဝိုင်းကြားက ပဋိပက္ခဆိုင်ရာ မှတ်ချက်များ (Conflict) စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။