သတင်းအချက်အလက်များ

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံက သင့်ကျန်းမာရေးကို မည်သို့ ထိခိုက်စေနိုင်သနည်း

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံက သင့်ကျန်းမာရေးကို မည်သို့ ထိခိုက်စေနိုင်သနည်း မတ် 21, 2019

ကျောက်မီးသွေး ဓာတ်အားပေး စက်ရုံများမှ ထုတ်လွှတ်သည့် အိုဇုန်းနှင့် သိပ်သည်းဆမြင့်မားသည့် သတ္တုများသည် လူကို အဆိပ်သင့်စေပါသည်။ အထူးသဖြင့် ဆာလဖလ်၊ နိုင်ထရိုဂျင်ဒိုင်အောက်ဆိုဒ်နှင့် အခြားညစ်ညမ်းဓာတ်ငွေ့များ ဓာတ်ပြုမိကြပြီး ထွက်ပေါ်လာသည့် သေးငယ်သည့် အမှုန် (PM 2.5) သည် ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ ထိုအမှုန်များကို ရှူရှိုက်မိရာမှတစ်ဆင့် အဆုတ်တွင်း၊ သွေးလမ်းကြောင်းတွင်း ဝင်ရောက်ကာ သေစေနိုင်သည့် အလွန်ဆိုးရွားသော ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်လာစေနိုင်ပါသည်။

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံကြောင့် ဖြစ်ပေါ်နိုင်သော ကျန်းမာရေး ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

အဆုတ်နှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ဆိုးကျိုးများ
  • အဆုတ်ကင်ဆာ
  • ပန်းနာရင်ကျပ်ဖောက်ခြင်း
  • ပိုးဝင်ပြီး ချောင်းဆိုးခြင်း
  • အဆုတ်လုပ်ငန်းဆောင်တာ ယိုယွင်းခြင်း
  • ကလေးတွင် အဆုတ်ဖြစ်ပေါ်မှု ပုံမမှန်ခြင်း
သွေးနှင့်ဆိုင်သည့် ကျန်းမာရေးဆိုးကျိုးများ
  • ယောင်းယမ်းခြင်း
  • သွေးခဲမှု မြင့်တက်ခြင်း
  • သွေးတိုးခြင်း
ဦးနှောက်နှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုးကျိုးများ

 

  • လေဖြတ်ခြင်း
  • ဦးနှောက်ဖြတ်ထိုးမှတ်ဉာဏ် ကျခြင်း
  • ပင်မ ဦးနှောက်အာရုံကြော ရောဂါ

 

နှလုံးနှင့်စပ်လျဉ်းသည့် ကျန်းမာရေးဆိုးကျိုးများ
 
  • ရုတ်တရက် နှလုံးအမောဖောက်ခြင်း

  • နှလုံးခုန်နှုန်း ပြောင်းလဲခြင်း

  • နှလုံးနှင့် ပတ်သက်သောရောဂါများ

 

သန္ဓေသားဆိုင်ရာ ကျန်းမာရေးဆိုးကျိုးများ
 
  • ပေါင်မပြည့်သော ကလေးမွေးခြင်း
  • သန္ဓေသားကြီးထွားမှု ပုံမမှန်ဖြစ်ခြင်း
  • လမစေ့ဘဲ မွေးခြင်း
  • စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာပိုင်းဆိုင်ရာ ကြီးထွားမှု ပုံမမှန်ခြင်း
  • သုတ်ပိုးအရေအတွက် ကျဆင်းခြင်း (ပုံမှန်မဟုတ် ပုံပျက်ခြင်း) စသည်တို့ ဖြစ်ကြပါသည်။