သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှုအတွက် ဆောင်ရွက်သည့်အခါ အားပြိုင်နေသော အကျိုးစီးပွားများကြောင့် ခက်ခဲလေ့ရှိသည်။ အခြေခံအားဖြင့် အောက်ပါမေးခွန်းများဖြင့် အဖြေရှာနိုင်သည်။
- သဘာဝပတ်ဝန်းကျင်မှ ထုတ်ဖော်ရရှိမည့် အကျိုးစီးပွားကို မည်သူတို့ ခံစားရမည်နည်း။
- သဘာဝပတ်ဝန်းကျင် ပျက်စီးမှုကြောင့် ကြုံရမည့် ဖိအားများကို မည်သူတို့က ထမ်းပိုးရမည်နည်း။
- လက်ရှိအကျိုးအမြတ်နှင့် ဝန်ထုပ်ဝန်ပိုးခွဲဝေမှု ပုံသဏ္ဍာန်သည် မျှတပါသလား။
- မျှတသည့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒဖြစ်ရန် လိုအပ်ချက်တို့ကို မည်သို့ပိုင်းခြားသတ်မှတ်သနည်း။ (ပူးပေါင်းပါဝင် ဆုံးဖြတ်မှု ဖြစ်ပါသလား။)
သက်ဆိုင်ရာ ပြည်သူတို့၏ အခန်းကဏ္ဍကို အသိအမှတ်ပြုခြင်း၊ ပူးပေါင်းပါဝင်ရန် ဖိတ်ခေါ်ခြင်းမရှိဘဲ အထက်ပါမေးခွန်းများကို အဖြေရှာနိုင်မည် မဟုတ်ဟု ဆိုသည်။
ပြည်သူ့ဘဝ တရားမျှတမှု မှတ်စုများ (Social Justice) စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။