သတင်းအချက်အလက်များ

လျှပ်စစ်စွမ်းအင် ရရှိမှုနည်းပါးခြင်းကြောင့် ထိခိုက်နစ်နာနေကြသော ကျေးလက်နေ အမျိုးသမီးများ

လျှပ်စစ်စွမ်းအင် ရရှိမှုနည်းပါးခြင်းကြောင့် ထိခိုက်နစ်နာနေကြသော ကျေးလက်နေ အမျိုးသမီးများ ဇွန် 14, 2019

ရပ်ရွာအတွင်း နေထိုင်ကြသော အမျိုးသမီးများနှင့် ကလေးများသည် လျှပ်စစ်မီးရရှိမှု နည်းပါးခြင်းကြောင့် နစ်နာသူများအနက် အများဆုံး ထိခိုက်နစ်နာသူများဖြစ်သည်ဟု သိရပါသည်။

လျှပ်စစ်စွမ်းအင်ရရှိမှုနည်းပါးသော ကျေးရွာများတွင် နေထိုင်သော အမျိုးသမီးများသည် အစားအစာ ချက်ပြုတ်ရန် သို့မဟုတ် နေအိမ်အတွင်း အနွေးဓာတ် ရရှိရန် ထင်းကို အားကိုးကြရသည်။ အမျိုးသမီးနှင့် ကလေးများသည် လျှပ်စစ်မီး မရရှိသည့်အခါ ထင်းရှာဖွေရန် အချိန်ကို ပိုမိုအသုံးပြုကြရပါသည်။

ထို့ကြောင့် ကလေးငယ်များ၏ ပညာသင်ယူချိန် သို့မဟုတ် အမျိုးသမီးများ အလုပ်အကိုင် ရှာဖွေချိန် နည်းပါးသည့် အဟန့်အတားကို ဖြစ်ပေါ်စေသည်။ နေအိမ်အတွင်း (ချက်ပြုတ်ခြင်း သို့မဟုတ် အနွေးဓာတ်ရရှိရန် ပြုလုပ်ခြင်းအတွက်) အသုံးပြုသော ထင်းမီးဖိုမှ ထွက်ရှိသည့် အဆိပ်သင့် မီးခိုးငွေ့များကြောင့် အသက်ရှူစနစ်နှင့်စပ်လျဉ်းသော ကျန်းမာရေး ပြဿနာများကို ဖြစ်ပေါ်စေပါသည်။

နေအိမ်အတွင်း စွမ်းအင်ရရှိမှု နည်းပါးခြင်း သို့မဟုတ် လျှပ်စစ်မီး မရရှိခြင်း၏ နောက်ဆက်တွဲ ပြဿနာသည် အမျိုးသမီးများအတွက် အဓိက ခြိမ်းခြောက်ခံနေရသည့် အကြောင်းအရာများအနက် ထည့်သွင်းစဉ်းစားရန် လိုအပ်သည့် အချက်တစ်ခုဖြစ်နေကြောင်း သုံးသပ်မိသည်။

ရပ်ရွာအတွင်း နေထိုင်သော အမျိုးသမီး အများစုသည် မိမိတို့ဒေသ၏ သဘာဝအရင်းအမြစ် ထုတ်ယူ အသုံးချနိုင်မှု အခြေအနေကို ကောင်းစွာ နားလည်သူများဖြစ်ပြီး ယင်းကို မည်သို့ စီမံခန့်ခွဲရမည်ကိုလည်း သိရှိသူများ ဖြစ်ကြပါသည်။

ထို့ကြောင့် စွမ်းအင်နှင့်ပတ်သက်သော နောက်ဆက်တွဲ ပြဿနာများအား အဖြေရှာရန် ရပ်ရွာအတွင်း ဆွေးနွေးပွဲများနှင့် ဆုံးဖြတ်ချက် ချမှတ်ခြင်းလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် အမျိုးသားများနည်းတူ အမျိုးသမီးများအား ပါဝင်ဆွေးနွေးခွင့်နှင့် ဆုံးဖြတ်ပိုင်ခွင့် ပေးအပ်သင့်ကြောင်း တိုက်တွန်းအပ်ပါသည်။