အဓိကလုပ်ငန်းစဉ်များ

ပေါင်းကူးသည် အရပ်ဖက်အဖွဲ့အစည်းများကို ပံ့ပိုးပေးရာတွင် အပြန်အလှန်သုံးသပ်ခြင်းနှင့် သင်ယူခြင်း၊ အရင်းအမြစ်များ ရရှိစေရန် ပံ့ပိုးပေးခြင်း၊ ချိတ်ဆက်ပေးခြင်းနှင့် ကွန်ရက်ဖွဲ့ခြင်း စသည့် နည်းစနစ်များကို အသုံးပြုလျက်ရှိပါသည်။

ပေါင်းကူး ပြောင်းလဲခြင်း သီအိုရီ — အရပ်ဖက်အဖွဲ့အစည်းများအနေဖြင့် အပြုသဘောဆောင်သော လူမှုအပြောင်းအလဲတစ်ရပ်ကို အကောင်းဆုံး ဖော်ဆောင်နိုင်စေမည့် ဝိသေသလက္ခဏာ (၃) ရပ်ကို အမှတ်ရစေမည့် အတွေ့အကြုံနှင့် လူမှုပြောင်းလဲခြင်း သီအိုရီ နှစ်ခုအပေါ်တွင် အခြေခံထားပါသည်။

အဆိုပါ ဝိသေသလက္ခဏာ (၃) ရပ်သည် အောက်ပါအတိုင်းဖြစ်ပါသည်။
(၁) အပြန်အလှန်သုံးသပ်သင်ယူခြင်းနည်းဖြင့် လူမှုဘဝမတရားမှုများကို ဖော်ထုတ်သတ်မှတ်ခြင်း
(၂) အရင်းအမြစ်များကို ကောင်းစွာစုစည်း၍ ထိရောက်စွာ စီမံခန့်ခွဲခြင်နှင့်
(၃) ၎င်းတို့ လုပ်ငန်း ဆောင်ရွက်နေသည့် နယ်ပယ်ကို ပိုမိုကျယ်ပြန့်အောင် ဆောင်ရွက်ခြင်း စသည်တို့ ဖြစ်ကြပါသည်။

ထို့ကြောင့် ပေါင်းကူးသည် အရပ်ဖက်အဖွဲ့အစည်းများအား အောက်ပါလုပ်ငန်းစဉ်များအတွက် အထောက်အပံ့များ ပံ့ပိုးပေးလျက်ရှိပါသည်။

အပြန်အလှန်သုံးသပ်ခြင်းနှင့် သင်ယူခြင်း၊အရင်းအမြစ်များ ရရှိစေရန် ပံ့ပိုးပေးခြင်း၊ချိတ်ဆက်ပေးခြင်းနှင့် ကွန်ရက်ဖွဲ့ခြင်းပေါင်းကူးအနေဖြင့် မည်သည့်လုပ်ငန်းကို လုပ်ဆောင်ရမည်ဟူ၍ ကန့်သတ်ထားခြင်း မရှိဘဲ အထောက်အပံ့များ ပေးအပ်လျက်ရှိသည်။

သို့သော် ပေါင်းကူး၏ မိတ်ဖက်အများစု ပါဝင်ဆောင်ရွက်လျက်ရှိသော အောက်ပါလုပ်ငန်းစဉ်များမှာ အောက်ဖော်ပြပါအတိုင်း ဖြစ်ပါသည်။ရပ်ရွာဖွံ့ဖြိုးရေးနှင့် ဝန်ဆောင်မှု ဖြန့်ဖြူးပေးခြင်း၊ ငြိမ်းချမ်းရေး၊ လူမှုတရားမျှတရေးနှင့် လူ့အခွင့်အရေး၊ မြေယာ၊ သဘာဝပတ်ဝန်းကျင် အကာအကွယ်ပေးရေးနှင့် တာဝန်ယူမှု တာဝန်ခံမှုရှိသော ရင်းနှီးမြှုပ်နံှမှုကိစ္စရပ်များ၊ ဒီမိုကရေစီအရေးနှင့် ကောင်းမွန်သော အုပ်ခုျပ်ရေးဖြစ်ပေါ်စေရေး စသည်တို့ဖြစ်ပါသည်။

ထို့အပြင် ပေါင်းကူးအနေဖြင့် အရေးပေါ်အထောက်အပံ့နှင့် တိုက်ရိုက်အကော်အထည်ဖော် ဆောင်ရွက်ခြင်း တို့ကိုလည်း ပံ့ပိုးပေးနိုင်ပါသည်။