သတင်းအချက်အလက်များ

ငြိမ်းချမ်းရေး ပြပွဲပိုစတာများ

ငြိမ်းချမ်းရေး ပြပွဲပိုစတာများ ဇန်နဝါရီ 23, 2019

ငြိမ်းချမ်းရေး ပိုစတာများကို အလျဉ်းသင့်သလို ခင်းကျင်းပြသခြင်းဟာဖြင့် ပြည်သူတွေကို မြင်စရာ၊ တွေးစရာ၊ ဆင်ခြင်ဆွေးနွေးစရာ ရလာနိုင်တာပေါ့။

ငြိမ်းချမ်းရေး တည်ဆောက်ရာမှာ အမုန်းစကားများကို ရပ်တန့်စေခြင်းနဲ့ မေတ္တာစကားများ ပြန့်ပွားစေခြင်းကို လုပ်ကြရပါတယ်။ ကားချပ်တွေထဲမှာ အမုန်းစကားတွေရဲ့ အန္တရာယ်ကို ပြတဲ့ ကားချပ်တချို့နဲ့ လူသားတိုင်း နားလည်မှု၊ ကရုဏာနဲ့ မေတ္တာထားနိုင်ဖို့ ဆော်သြတဲ့ ကားချပ်အများစု ပါဝင်ပါတယ်။

အလင်းရောင် ပြလိုက်ပါ။ ပြည်သူတို့ လမ်းကို မြင်လာမည်။

ငြိမ်းချမ်းရေး ပြပွဲပိုစတာများကို ပညာအလင်းရောင် ပေးဖို့ အသုံးပြုနိုင်ပါတယ်။

ကျုပ်တို့ ရေမြေဒေသမှာ ပြည်သူတွေ ငြိမ်းချမ်းပျော်ရွှင်စွာ နေထိုင်ဖို့၊ ကျုပ်တို့ရဲ့ သဘာဝပတ်ဝန်းကျင် မပျက်စီးဖို့၊ သတ္တဝါအားလုံး ကိုယ်စိတ်နှစ်ပါးကျန်းမာဖို့ အရေးကြီးလှတယ် မဟုတ်လား။

ဒီမှာဖော်ပြထားတဲ့ ကားချပ်များက အကြောင်းအရာအားလုံးကို မခြုံငုံနိုင်ပါဘူး။ ဒါပေမယ့် အရေးတကြီးသိရမယ့် အချက်အလက်တွေတော့ ပါဝင်ပါတယ်။

အရေးကြီးတာက ပြည်သူတွေ စဉ်းစားဝေဖန် ဆွေးနွေးလာကြဖို့ပါ။ ဒီလိုနည်းနဲ့ ပြည်သူ့အသိအမြင်ရပ်ဝန်းကို ချဲ့ထွင်နိုင်မှာ မဟုတ်လား။

သင်တန်းတွေမှာ၊ အုပ်စုဖွဲ့စကားဝိုင်းတွေမှာ အချင်းချင်း အမြင်ဖလှယ်ဖို့၊ ချဲ့ထွင်စဉ်းစားဖို့လည်း ကားချပ်တွေကို သုံးနိုင်တယ်။

တစ်ခုခုအပေါ် အခြေခံစဉ်းစားပြီး အမြင်ဖလှယ်နိုင်မှ ပြည်သူ့အသိပညာရပ်ဝန်း ဖြစ်လာမှာ မဟုတ်လား။

ငြိမ်းချမ်းရေး ပိုစတာများကို အောက်ဖော်ပြပါ Link မှတစ်ဆင့် Download ရယူနိုင်ပါသည်။ ပြပွဲပိုစတာများ စုစုပေါင်း ၃၀ ပါဝင်ပါတယ်။