သတင်းအချက်အလက်များ

စွန့်လွှတ်နာကျင်ရသည့် ဒေသများ (Sacrifice Zone)

စွန့်လွှတ်နာကျင်ရသည့် ဒေသများ (Sacrifice Zone) ဖေ‌ဖော်ဝါရီ 4, 2019

စက်မှုလုပ်ငန်းများ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သယံဇာတ ထုတ်ယူမှုများတွင် တိုက်ရိုက် ထိခိုက်နစ်နာသော ဒေသများ၊ ဘေးအန္တရာယ်နှင့် ညစ်ညမ်းမှုဒဏ်ခံရသော (သို့မဟုတ်) ခံရတော့မည့် နေရာဒေသများကို စွန့်လွှတ်ပေးဆပ်ရသော ဒေသများဟု ရည်ညွှန်းသည်။

ထိုသို့သော ဒေသများမှ ပြည်သူ့ဘဝများကို စာနာလည်းလည်မှုပေးရန် အထူးလိုအပ်သည်။ အထူးသဖြင့် အလှမ်းဝေး လုံခြုံရာ နေရာများမှ ဆုံးဖြတ်ချက် ချမှတ်သူတို့သည် နစ်နာသူတို့၏ ဘဝများနေရာမှနေ၍ နားလည်တွေးမြင်ပေးရန် လိုအပ်သည်။ သို့မှသာ လူမှုဘဝတရားမျှတမှုဆီသို့ ဦးတည်နိုင်မည် ဖြစ်သည်။

သယံဇာတ တူးဖော်ရေး လုပ်ငန်းများ၊ စီမံကိန်းကြီးများကြောင့် အခြေပျက်ရသော ပြည်သူများကို ဖွံ့ဖြိုးရေး ဒုက္ခသည်များ (Development Refugees) ဟု ရည်ညွှန်းကြလေ့ရှိသည်။

သဘာဝပတ်ဝန်းကျင် ပျက်ယွင်းမှုကြောင့် နေရာရွှေ့ပြောင်းရသူများကိုလည်း သဘာဝပတ်ဝန်းကျင် ကျက်ယွင်းမှု ဒုက္ခ ခံစားကြရသူများ (သို့မဟုတ်) သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဒုက္ခသ်ညများ (Environmental Refugees) ဟု ခေါ်ဆိုသည်။

ပြည်သူ့ဘဝ တရားမျှတမှု မှတ်စုများ (Social Justice) စာအုပ်မှ ထုတ်နုတ်ဖော်ပြသည်။