သတင်းအချက်အလက်များ

ဝါးအလုပ်ရုံဆွေးနွေးပွဲ

ဝါးအလုပ်ရုံဆွေးနွေးပွဲ မတ် 31, 2019

ဝါးထွက်ကုန်များအသုံးပြု၍ ပရိဘောဂ ပစ္စည်းများပြုလုပ်ခြင်း အလုပ်ရုံဆွေးနွေးပွဲကို ပါဝင်တက်ရောက်သူ ၂၅ ဦးဖြင့် ပေါင်းကူး ပဲခူးစင်တာတွင် ၂၅၊ မတ်လ၊ ၂၀၁၉ မှ ၂၉၊ မတ်လ၊ ၂၀၁၉ အထိ ၅ ရက်ကြာ ပြုလုပ်ခဲ့ကြပါတယ်။

နိုင်ငံတကာတွင် အသုံးပြုနေသော ဝါးထုတ်ကုန်နှင့် ဝါးအသုံးပြုသည့် ပရိဘောဂများ ပြုလုပ်သည့် လုပ်ထုံးလုပ်နည်းများ၊ နည်းပညာများအား ပြည်တွင်းမှ ဗိသုကာပညာရှင်များ၊ လက်သမား ဆရာများနှင့် အခြားစိတ်ဝင်စားသူများအား ပြန်လည်မျှဝေနိုင်ရန် ရည်ရွယ်ပြီး Bamboo workshop ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ပထမနေ့

ဝါးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများသည် ပျော်ရွှင်တက်ကြွစွာ မိတ်ဆက်ခြင်းဖြင့် လုပ်ငန်းစဥ်ရဲ့ ပထမဦးဆုံးနေ့ကို အစပြုခဲ့ကြပါတယ်။

ဗိသုကာ ပညာရှင် သောမတ်စ်ဝေါလ်တာမှ ဝါးဖြင့် ပရိဘောဂပြုလုပ်ခြင်းဆိုင်ရာ နည်းပညာများနှင့် ၎င်း၏ အတွေ့အကြုံများကို ဝေမျှပေးခဲ့ပြီး တက်ရောက်လာသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။

ပရိဘောဂ ပုံကြမ်းများအား ရှင်းလင်းပြသကာ အကောင်အထည်ဖော်ကြမည့် နည်းလမ်းများကို တက်ရောက်ပါဝင်သူများနှင့်အတူ ဆွေးနွေးတိုင်ပင်ခဲ့ကြပါတယ်။ ထို့နောက် တက်ရောက်လာသူများ၏ ဗဟုသုတနှင့် ကျွမ်းကျင်မှုအပေါ်မူတည်၍ အဖွဲ့၅ ဖွဲ့ ခွဲ၍ လုပ်ငန်းစဉ်များ စတင်ခဲ့ကြပါတယ်။ အဖွဲ့များ၏ အမည်ကို စဉ်းစားရာတွင် ဝါးချော၊ ဝါးပိုး၊ ရွှေဝါး၊ ဝါးနက်နှင့် ထီးရိုးစသည့် ဝါးမျိုးစိတ်များ၏ အမည်ကို အသုံးပြုခဲ့ကြပါတယ်။

ပရိဘောဂများ ဖန်တီးရန် အဖွဲ့လိုက် ဆွေးနွေးမှုများပြုလုပ်နေစဉ် ဗိသုကာပညာရှင် သောမတ်စ်မှ လိုက်လံအကူအညီပေးခဲ့ပါတယ်။

ဗိသုကာပညာရှင် ဆရာဦးလှသောင်းကလည်း အဖွဲ့များအား အထောက်အပံ့ဖြစ်မည့် အချက်များအား ထည့်သွင်းစဉ်းစားနိုင်ရန် အကြံပြုပြောကြားပေးခဲ့ပါတယ်။

အဖွဲ့ဝင်များအချင်းချင်း တက်ကြွစွာ ပူးပေါင်းဆွေးနွေးနေကြစဉ်

အထက်သားများဖြင့် ပုံစံခွက် ပြုလုပ်ရန် စတင်ပြင်ဆင်နေစဉ်

အထက်သားများပေါ်တွင် ပုံကြမ်းများမှ အတိုင်းအတာအတိုင်း အပေါက်ဖောက်၍ ပုံစံခွက်ပြုလုပ်နေစဉ်

ပုံစံခွက်များ တပ်ဆင်ခြင်း

ဒုတိယနေ့

ဝါးများကို အကွေးပြုလုပ်ရန် ပြင်ဆင်နေစဉ်

တက်ရောက်ပါဝင်သူများမှ ပရိဘောဂပစ္စည်းများကို တွဲဆက်မှုပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် ဝါးဖြင့် သပ်ပြုလုပ်နေကြစဉ်

ပရိဘောဂပြုလုပ်ရာတွင် အသုံးပြုသည့် ဝါးသပ်များ


ပုံစံခွက်အတွင်း ဝါးခြမ်းများကို ထည့်သွင်း၍ ပုံစံသွင်းခြင်း

ပုံစံသွင်းထားသော ဝါးများကို ပိုမိုခိုင်ခံ့စေရန် သံဖြင့် တွဲဆက်မှုပြုလုပ်ခြင်း

အလုပ်ရုံဆွေးနွေးပွဲ ၅ ရက်အတွင်း ပထမဦးဆုံး ရရှိလာသော ပုံစံသွင်းထားသည့် ဝါးထိုင်ခုံ အစိတ်အပိုင်း

ဝါးထိုင်ခုံ အစိတ်အပိုင်း၏ ကြံ့ခိုင်မှုကို စစ်ဆေးခြင်း

တတိယနေ့

ဝါးခြမ်းများအား ပုံစံခွက်အတွင်း ထည့်သွင်းခြင်းပြုလုပ်နိုင်ရန် လွန်ဖောက်ခြင်း

ပုံစံသွင်းထားသော ဝါးများကို ပိုမိုခိုင်ခံ့စေရန် သံဖြင့် တွဲဆက်မှုပြုလုပ်ခြင်း

ပုံစံခွက်အတွင်းမှ ဖယ်ထုတ်ထားသော ပရိဘောဂအစိတ်အပိုင်းတစ်ခု၏ ကြံ့ခိုင်မှုနှင့် အရည်အသွေးအား ပြန်လည်သုံးသပ်ခြင်း

ကြံ့ခိုင်မှုနှင့် အရည်အသွေးပိုင်းတွင် လိုအပ်ချက်များရှိသည့် ပုံစံခွက်အတွင်းမှ ဖယ်ထုတ်ထားသော ပရိဘောဂ အစိတ်အပိုင်းများကို ပြန်လည်ပြုပြင်မွန်းမံခြင်း

စတ္တုတ္ထနေ့

ထိုင်ခုံအတွက် ထောက်တိုင်ပြင်ဆင်ရန် ဆွေးနွေးခြင်း

ဝါးထိုင်ခုံတွင် ထောက်တိုင်ပြုလုပ်တပ်ဆင်ခြင်း

ရွှေဝါးအဖွဲ့သားများနှင့် ၎င်းတို့၏ ဝါးထိုင်ခုံအား ထောက်တိုင်မတပ်ဆင်မီ တွေ့ရစဉ်


ဝါးထိုင်ခုံအား အုန်းဆံကြိုးများဖြင့် အလှဆင်ခြင်း

 

ပါဝင်သူတစ်ဦးမှ အုန်းဆံကြိုးဖြင့် ဝါးထိုင်ခုံအား အလှဆင်နေစဉ်

 

 

ပြုလုပ်ထားသော ထောက်တိုင်နှင့် ဝါးထိုင်ခုံ ပုံစံကျမှု ရှိမရှိ စစ်ဆေးခြင်းနှင့် အချောသတ်ပြင်ဆင်ခြင်း

ထောက်တိုင်တပ်ဆင်ပြီးသော ဝါးထိုင်ခုံ

ပဉ္စမနေ့

ပဉ္စမနေ့တွင် အဖွဲ့လိုက် မိမိတို့ ပြုလုပ်ထားသော ထွက်ကုန်များကို ပြန်လည်တင်ပြခြင်း၊ လုပ်ငန်းစဉ်တစ်လျှောက်တွေ့ရှိခဲ့သော အမှားများမှ သင်ခန်းစာ ယူခြင်းနှင့် အခြားအဖွဲ့များမှ ဆွေးနွေးမှုများပြုလုပ်ခြင်း

ဝါးနက်အဖွဲ့

ဝါးချောအဖွဲ့

ရွှေဝါးအဖွဲ့

ဝါးပိုးအဖွဲ့

ထီးရိုးအဖွဲ့

ထီးရိုးအဖွဲ့၏ အချောသတ်ပြီးသည့် ဝါးထိုင်ခုံ


ဝါးထိုင်ခုံတွင် အမှတ်တရ ချိတ်ဆွဲထားသည့် ထီးရိုးအဖွဲ့၏ အမှတ်အသား


ရွှေဝါးအဖွဲ့၏ ထွက်ကုန်ဖြစ်သော ဝါးထိုင်ခုံ


ဝါးချောအဖွဲ့၏ စားပွဲနှင့် ဝါးပိုးအဖွဲ့၏ ထိုင်ခုံကို တွေ့ရစဉ်

ဝါးချောအဖွဲ့၏ ထွက်ကုန်ဖြစ်သော စားပွဲ

ဝါးချောအဖွဲ့၏ ထွက်ကုန်ဖြစ်သော ဒါန်း

ဝါးနက်အဖွဲ့မှ အမှတ်တရ စာသားရေးထိုးနေပုံကို တွေ့ရစဉ်

ဝါးနက်အဖွဲ့၏ ထွက်ကုန်ဖြစ်သော ဝါးထိုင်ခုံ

Bamboo workshop အပေါ်  ပါဝင်သူများ၏ သဘောထား တုံ့ပြန်ချက်များ

ကျွန်မအနေနဲ့ ဒီ workshop တက်ရတဲ့ ကာလအတွင်းမှာ အစကနေ အဆုံးထိ ဝါးနဲ့ Furniture လုပ်တဲ့နေရာမှာ ဘယ်လိုမျိုးလုပ်မလဲ။ နောက်ပြီးအခုသုံးသွားတဲ့ ပုံစံမျိုးဆိုရင် Method က တစ်ခုတည်းကိုပဲ Base တည်ထားပေမယ့် အခြားသူနဲ့ ပတ်သက်ပြီး သိရတာတွေရှိတယ်။ ဥပမာ ထိုင်ခုံ  ခြေထောက်အတွက်ကို ဘယ်လိုမျိုး စဉ်းစားမလဲ။ နောက် ကိုယ်လုပ်တဲ့ Furniture တွေရဲ့ ပုံစံပေါ်မူတည်ပြီးတော့ ဘယ်လို Treatment တွေ ပြန်လုပ်မလဲ စသဖြင့် နည်းပညာအများကြီးကို ပြန်သိရပါတယ်။ သိရတဲ့အပြင် တကယ့်လက်တွေ့အပိုင်းကိုလည်း သေချာလုပ်ပြီးတော့မှ တဖြည်းဖြည်း Discussion တွေ တစ်ဆင့်ချင်းစီလုပ်ပြီးတော့မှ သွားတဲ့အတွက်ကြောင့် တော်တော်လေးလည်း ထိရောက်ပါတယ်။

ခြုံပြီးပြောရမယ်ဆိုရင်တော့ အကျိုးရှိပြီးတော့ အချိန်ပေးရတာနဲ့ တန်ပါတယ်။ တခြားမသိရသေးတာတွေလည်း အများကြီး သိလာရပြီး ဗိသုကာရပ်ပိုင်းမှာဆိုရင်လည်း ဝါးနဲ့ပတ်သက်ပြီးတော့ ဘယ်လိုမျိုးထပ်သုံးလို့ရမယ်ဆိုတဲ့ Idea တွေလည်း လုပ်ရင်းနဲ့ကိုပဲ ရလာပါတယ်။

Bamboo workshop တွင် ပါဝင်သူ ဗိသုကာပညာရှင်တစ်ဦး

Bamboo workshop အပေါ်  ပါဝင်သူများ၏ သဘောထား တုံ့ပြန်ချက်များ

ဒီဝါးသင်တန်းတက်ရတာ ကျွန်တော့်အတွက်တော့ နည်းပညာတစ်မျိုး အသစ်အဆန်းရတာပေါ့။ အဲ့ပညာကို ကျွန်တော်က ကြိမ် Furniture လုပ်တယ်ဆိုတော့ အဲ့ဒါနဲ့ တွဲဆက်ပြီး လုပ်ကြည့်လိုက်ချင်တယ်။ အဲ့လိုတွဲလုပ်လိုက်ရင် ဘယ်လိုဖြစ်လာမလဲဆိုတာကို ကျွန်တော်သိချင်တယ်။ ဒီသင်တန်းတက်ရတာတော့ ကျွန်တော့်အတွက် တကယ်အကျိုးရှိတယ်။ တန်ဖိုးလည်းရှိတယ်။ နောင်ဆိုလည်း တက်ခွင့်ရှိရင်တော့ လာခဲ့မှာပါ။

ကြိမ် Furniture ပညာရှင်တစ်ဦး